လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့၊ ညောင်မောင်း ကျေးရွာအုပ်စု၊ ညောင်မောင်းကျေးရွာအတွင်း၌ (၂၈-၁-၂၀၂၀)ရက်နေ့တွင် လက်နက်ကြီးကျရောက်ထိမှန်၍ ပျက်စီးနေအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၂၀,၀၀ဝ/-) ကျပ်၊ လူဦးရေ(၃၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၉,၃၀ဝ/-) ကျပ်နှင့် ဘေးသင့်သေဆုံးသူ(၂)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၆၀၀,၀၀ဝ/-) ကျပ်တို့ကို (၃၁-၁-၂၀၂၀)ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#shn_jan2020
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)