သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

 

31_ Pic _ 02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁- ၁- ၂၀၂၀)ရက်နေ့၊ (၁၃ : ၃၀)အချိန်မှ (၁၅ : ၃၀) အချိန်အထိ လယ်ဝေးမြို့နယ်၊ (အ.လ.က) ဂုဏ်မင်း‌မြှောင်စာသင်ကျောင်းတွင် ကျောင်းသား / သူများအား  သဘာဝဘေး အန္တရာယ် များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက် နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို  ကျောင်းသား/သူ (၂၀၀)ဦးအား  သရုပ်ပြ‌ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အမေးအဖြေကဏ္ဍများ  အပြန်အလှန်ပြုလုပ် ပြီးနောက် တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင် များ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

#ar

#npw_jan2020

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events