Author Archives: Department of Disaster Management

  • ရေကြည်မြို့နယ်ဦးစီးမှူးရုံးတည်ဆောက်နေမှုအားကွင်းဆင်းစစ်ဆေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ  တာဝန်ရှိသူများနှင့် ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်ဦးစီးမှူးရုံး (၅၀’x၃၀’x၂၈’) RCC နှစ်ထပ်သွပ်မိုး၊ ကွန်ကရစ်ကြမ်းခင်း၊ ရေ၊ မီး၊ မိလ္လာအပါအဝင် (၃၀၀၀ စတုရန်းပေ) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား (၃-၂-၂၀၂၀)ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_feb 2020 Source: ရေကြည်မြို့နယ်ဦးစီမှူးရုံး (ဘစမ)  

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀)ရက်နေ့ (၁ဝး၀၀)နာရီအချိန်တွင် မင်းလှမြို့နယ်၊ အ.ထ.က-မင်းလှ တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုများကို ကျင်းပဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၃၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #bgo_feb2020   Source:           မိုးညိုမြို့နယ်ဦးစီးမှူးရုံး

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်ပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းအား စလင်းမြို့နယ်ဌာနဆိုင်ရာ(၁၅)ဦး၊ သင်တန်းသား/သူ (၃၀) ဦးဖြင့် စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးမှူးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား (၄-၂-၂၀၂၀) ရက်နေ့မှ (၆-၂-၂၀၂၀) ရက်နေ့ ထိ (၃) ရက်တာဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။   #ar #mgy_feb2020 Source:             မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • လက်လုပ်မိုင်းပေါက်ကွဲမှုအတွက်သွားရောက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြတတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၂-၂၀၂၀)ရက်နေ့၊ မနက် (၇:၀၀)နာရီအချိန်တွင် လက်လုပ်မိုင်း(၂)လုံးပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာရရှိသူ(၂)ဦးအနက်မှ မြဝတီမြို့ဆေးရုံတက်ကုသမှုခံယူလျက်ရှိသော ဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ဖိုးငွေ (၅၀၀၀၀/-)ကျပ်အား (၁၂:၁၆) နာရီအချိန်တွင် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ဆေးရုံအုပ်ဆရာဝန်ကြီး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #krn_feb2020

  • ရခိုင်ပြည်နယ်တွင် ပြည်တွင်းနေရပ်စွန့်ခွာသူများကို ပြန်လည်နေရာချထားရေးကို အမျိုးသားအဆင့်မဟာဗျူဟာနှင့်အညီဆောင်ရွက်ရန် ကွင်းဆင်းညှိနှိုင်းခြင်း

      ဖေဖော်ဝါရီ  ၃ ၊  ကျောက်ဖြူ ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ နှင့်အညီ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ စခန်းများကို ပိတ်သိမ်းနိုင်ရန်နှင့် လက်ရှိဆောင်ရွက်မည့် ကျောက်ဖြူ၊ ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်း ကို အောင်မြင်စွာပိတ်သိမ်းနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဦးဆောင်သောအဖွဲ့က ကွင်းဆင်း ကြည့်ရှု ညှိနှိုင်းခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၂-၂၀၂၀)ရက်နေ့တွင် ပုလောမြို့နယ်၊ ရှပ်ပုံ အ.ထ.က၌ ကျောင်းသား/ကျောင်းသူ ဆရာမအင်အား စုစုပေါင်း (၄၀၀)ဦးအား သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များဟောပြောခြင်း၊ သဘာဝဘေးအသိပညာပေး ဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး ဘောပင်အချောင်း(၄၀၀) အား လက်ဆောင်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_feb2020

  • school cum shelter ၁၀၀% တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃-၂-၂၀၂၀)ရက်နေ့၌ မြို့နယ်ဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီအဖွဲ့နှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့် ဦးဘန်သိန်းကုမ္ပဏီမှတာဝန်ယူ တည်ဆောက်လျက်ရှိသော လပွတ္တာမြို့နယ်၊ ဆင်ခြေရာကျေးရွာအုပ်စု၊ အုံတုံကုန်းကျေးရွာမှ school cum shelter တည်ဆောက်မှု ၁၀၀% တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် သပြုကုန်းကျေးရွာအုပ်စု၊ ရေဝေ ကျေးရွာမှ ၇၅% တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_feb2020

  • မီးဘေးသင့်ပြည်သူများအတွက် ​ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ နတ်တပ်ကျေးရွာအုပ်စု၊ နတ်တပ်ကျေးရွာတွင် (၂-၂-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀ဝိ/-)၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၁၂,၆၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၂,၆၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၁)စုစာတို့အား (၃-၂-၂၀၂၀)ရက်နေ့ (၁၄:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #mgy_feb2020 Source:                        စလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၂.၂၀၂၀) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီ မှ (၁၅း ၀၀) နာရီ ထိ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာ အခြေခံပညာမူလတန်း(လွန်) ‌ကျောင်းတွင် ဆရာ/ဆရာမများ၊ကျောင်းသူ ကျောင်းသားများ (၁၅၀) ဦး အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။   #otr #shn_feb2020   Source:                        ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၂-၂၀၂၀) ရက်နေ့တွင် ပုလဲမြို့ ၊ညောင်ကုန်းကျေးရွာ အထက်တန်းကျောင်းခွဲ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ (၁၀)ဦးနှင့် ကျောင်းသား/ ကျောင်းသူ(၃၂၈)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဝေငှ ပေးခြင်းနှင့် နံရံကပ်ပိုစတာများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_feb2020

Sign Up

Upcoming Events