လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ နတ်တပ်ကျေးရွာအုပ်စု၊ နတ်တပ်ကျေးရွာတွင် (၂-၂-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀ဝိ/-)၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၁၂,၆၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၂,၆၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၁)စုစာတို့အား (၃-၂-၂၀၂၀)ရက်နေ့ (၁၄:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_feb2020
Source: စလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)