လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြတတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၂-၂၀၂၀)ရက်နေ့၊ မနက် (၇:၀၀)နာရီအချိန်တွင် လက်လုပ်မိုင်း(၂)လုံးပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာရရှိသူ(၂)ဦးအနက်မှ မြဝတီမြို့ဆေးရုံတက်ကုသမှုခံယူလျက်ရှိသော ဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ဖိုးငွေ (၅၀၀၀၀/-)ကျပ်အား (၁၂:၁၆) နာရီအချိန်တွင် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ဆေးရုံအုပ်ဆရာဝန်ကြီး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
#otr
#krn_feb2020