သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်ပွဲကျင်းပမှုသတင်း

4_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းအား စလင်းမြို့နယ်ဌာနဆိုင်ရာ(၁၅)ဦး၊ သင်တန်းသား/သူ (၃၀) ဦးဖြင့် စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးမှူးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား (၄-၂-၂၀၂၀) ရက်နေ့မှ (၆-၂-၂၀၂၀) ရက်နေ့ ထိ (၃) ရက်တာဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

 

#ar

#mgy_feb2020

Source:             မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events