
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃-၂-၂၀၂၀)ရက်နေ့၌ မြို့နယ်ဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီအဖွဲ့နှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့် ဦးဘန်သိန်းကုမ္ပဏီမှတာဝန်ယူ တည်ဆောက်လျက်ရှိသော လပွတ္တာမြို့နယ်၊ ဆင်ခြေရာကျေးရွာအုပ်စု၊ အုံတုံကုန်းကျေးရွာမှ school cum shelter တည်ဆောက်မှု ၁၀၀% တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် သပြုကုန်းကျေးရွာအုပ်စု၊ ရေဝေ ကျေးရွာမှ ၇၅% တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
#otr
#ayy_feb2020