Author Archives: Department of Disaster Management
-
ကြက်ခြေနီလှုပ်ရှားမှုနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း သိကောင်းစရာဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀) ရက်နေ့တွင် သာပေါင်းမြို့နယ်၊သရက်ကုန်းကျေးရွာ၊ ခေနန်ကျေးရွာနှင့် ကွင်းပေါက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)များ၌ သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ကြက်ခြေနီလှုပ်ရှားမှုနှင့်သဘာဝ ဘေးအန္တရာယ်များအကြောင်း သိကောင်းစရာဟောပြောပွဲ ကို ကျောင်းသား/သူ(၂၀၀)ဦးခန့်အား သဘာဝဘေးနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_feb2020
-
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT) အကောင်အထည်ဖော်မှုဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာ မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT) အကောင်အထည်ဖော်မှုဆိုင်ရာဆန်းစစ်ချက် အစီရင်ခံစာမိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ Kempinski ဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက် ရေးကဏ္ဍကို ဆောင်ရွက်ရာတွင် အားလုံးသာတူညီမျှခံစားရရှိရေးနှင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးကို ရည်ရွယ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ရန် ကြိုးပမ်းလျက်ရှိဖြစ်ကြောင်း၊ အားလုံးသာတူညီမျှခံစားရရှိရေး၊ ပြည်ထောင်စုစိတ်ဓါတ်ဖြင့် … Read more
-
ပန္နက်တင် အခမ်းအနား ကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်၊ မြင်းခြံခရိုင်ဦးစီးမှူးရုံး (၆၀’×၄၀’×၂၈’)ပေ RCC(၂)ထပ်ရုံးအဆောက်အဦ ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားအား (၅-၂-၂၀၂၀)ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ပြီး ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #mdy_feb2020 Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၀)ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၅-၂-၂၀၂၀)ရက် နေ့၊ ကြာအင်းဆိပ်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၅-၂-၂၀၂၀) ရက်နေ့မှ (၇-၂-၂၀၂၀)ရက်နေ့ထိ ကျင်းပပြုလုပ်သည့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာများ သင်တန်း သား/သူ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_feb2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာ (အ.လ.က)ကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၃၀၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပြီး ဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များနှင့် ဘောပင်များ ဝေငှခြင်းတို့ ပြုလုပ်ခဲ့ပါကြောင် သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_feb 2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ လင်မလိုကျေးရွာ (အ.လ.က၊ ခွဲ)ကျောင်း၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ နှင့် ကျေးရွာသား/ကျေးရွာသူ စုစုပေါင်း (၂၅၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဘောပင်များနှင့် ဆပ်ပြာမှုန့်ထုပ်များဝေငှခြင်းတို့ ပြုလုပ်ခဲ့ပါကြောင် သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_feb 2020
-
သောက်သုံးရေများ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးမှုအခက်အခဲ ကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေး ရွာအုပ်စု၊ ပုဂံမျှော်ကျေးရွာ၊ မူလတန်းလွန်ကျောင်း၊ အရှေ့မြောက်ကုန်းကျေးရွာတဲတိုက်နှင့် အရှေ့ပိုင်းတို့ရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၀၂) လုံး၊ အိမ်ထောင် စု (၁၁၈) စု၊ လူဦးရေ (၅၁၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၅ – ၂-၂၀၂၀) ရက်နေ့ ( ၀၉ : ၀၀ ) နာရီအချိန်တွင် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀)ရက်နေ့၊ (၁၃:၀၀) နာရီမှ (၁၅:၀၀)နာရီအထိ ကသာခရိုင်၊ ထိးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/သူ (၃၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် များအသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_feb2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်တွင် အ.ထ.က (၄)ကျောင်း၊ လားရှိုးမြို့တွင် ကျောင်းသား/သူ (၆၀၀)ဦးနှင့် နေ့လည် (၁၃:၀၀)အချိန်တွင် အ.ထ.က (၈) ကျောင်း၊ လားရှိုးမြို့တွင် ကျောင်းသား/သူ (၅၀၀)ဦးတို့အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများအကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ ပြီး ဘေး(၈)မျိူး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သဘာဝဘေးသရုပ်ပြဗီဒီယိုများပြသခြင်း တို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_feb2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ မဲနယ်ကွင်းကျေးရွာအုပ်စု၊ အထက်တန်းကျောင်းခန်းမ၌ (၄.၂.၂၀၂၀)ရက်နေ့၊ (၁၃:၃၀)နာရီချိန်မှ (၁၅:၃၀)နာရီချိန်အထိ “သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့ပါသည်။ ယင်းဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာသိမှတ်ဖွယ်ရာများကို ဟောပြောဆွေးနွေးသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ သူများနှင့် ကျေးရွာသူ/သား စုစုပေါင်း (၁၆၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_feb2020 Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
