ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT) အကောင်အထည်ဖော်မှုဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာ မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ

 

5_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ချင်းပြည်နယ်နှင့်

ရခိုင်ပြည်နယ်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့်

၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား

ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT) အကောင်အထည်ဖော်မှုဆိုင်ရာဆန်းစစ်ချက်

အစီရင်ခံစာမိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ Kempinski

ဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့်

လူမှုကာကွယ်စောင့်ရှောက် ရေးကဏ္ဍကို ဆောင်ရွက်ရာတွင် အားလုံးသာတူညီမျှခံစားရရှိရေးနှင့်

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးကို

ရည်ရွယ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ရန်

ကြိုးပမ်းလျက်ရှိဖြစ်ကြောင်း၊ အားလုံးသာတူညီမျှခံစားရရှိရေး၊ ပြည်ထောင်စုစိတ်ဓါတ်ဖြင့်

အားလုံးညီညီညွတ်ညွတ် ဆောင်ရွက်ရေးနှင့် ဒီမိုကရေစီစံနှုန်းများနှင့်လည်း ကိုက်ညီအောင်

ကြိုးပမ်းဆောင်ရွက်ရေးဖြစ်ကြောင်း၊ MCCT အစီအစဉ်ကို အားလုံးသာတူညီမျှဖြစ်အောင်

ကြိုးစားရာ၌ ရန်ပုံငွေအနေအထား အကန့်အသတ်များ ရှိသောကြောင့် အညွှန်းကိန်းများအရ

ဦးစားပေးစနစ်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များနှင့်

၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း

အစီအစဉ် (Maternal and Child Cash Transfer – MCCT) အစီအစဉ်သည်

အနာဂါတ်နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်ရေး

ရေရှည်အကျိုးအတွက် ဖြစ်ကြောင်း၊ လတ်တလော အကျိုးကျေးဇူးအဖြစ် ကိုယ်ဝန်ဆောင်

စောင့်ရှောက်မှု ပိုမိုထိရောက်လာမည်ဖြစ်ကြောင်း၊ MCCT အစီအစဉ် အကောင်အထည်ဖော်မှု၏

ဦးစားပေး အဆင့်တွင် ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့သည် ထိပ်ဆုံးက ပါဝင်ခဲ့ပါကြောင်း၊

ထို့နောက် ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့ကို တိုးချဲ့ပြီး ရှမ်းပြည်နယ်နှင့်

ဧရာဝတီတိုင်းဒေသကြီးတို့ တိုးချဲ့ရန် စီစဉ် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ စီမံချက်များ

တိုးချဲ့နိုင်ရေးအတွက် ဘဏ္ဍာငွေလိုအပ်ချက်ရှိပါကြောင်း၊ နိုင်ငံ၏ဘဏ္ဍာငွေများအပြင်

မိတ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီများကို ယူရပါကြောင်း၊

MCCT အစီအစဉ်ကို တိုးချဲ့နိုင်ရေးနှင့် ဘဏ္ဍာငွေရရှိရေးသည် လုပ်ငန်း၏အကျိုးရလဒ်

မည်မျှရှိသည်ကို ချိန်ထိုးပြရန်လိုအပ်ပါကြောင်း၊ ရလဒ်ကောင်းများရရှိရန် အရေးကြီးပါကြောင်း၊

ဝန်ကြီးဌာန၏ဆန္ဒသည် တစ်နိုင်ငံလုံးကို လွှမ်းခြုံစေချင် ပါကြောင်း၊ MCCT အစီအစဉ်၏

လုပ်ငန်းစဉ်တစ်ခုလုံးကို စောင့်ကြည့် ကြီးကြပ်ခြင်းနှင့် ဆန်းစစ်မှုပြုခြင်း များမှ ရရှိသည့်

အစီရင်ခံစာအဖြေများသည် အလွန်အရေးကြီးပါကြောင်း၊ ထိုအဖြေများ အပေါ်မူတည်၍ ရှေ့ဆက်

ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပြန်လည်ဆန်းစစ်ကြရမည် ဖြစ်ကြောင်း၊ ယခုလို

ကနဦးဆန်းစစ်ချက် အစီရင်စာပေါ်ထွက်လာအောင် ဝိုင်းဝန်းကြိုးပမ်းပေးကြသူများကို

ကျေးဇူးတင်ရှိပါကြောင်း၊ စောင့်ကြည့် ကြီးကြပ်ခြင်းနှင့် ဆန်းစစ်ခြင်းကို ထိရောက်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်းစတင်ဆောင်ရွက်စဉ်ကပင် ကနဦးဆန်းစစ်ခြင်း၊ ငွေကြေးထောက်ပံ့ပြီးနောက် စောင့်ကြည့်ကြီးကြပ်ခြင်း၊ ထွက်ပေါ်လာမည့်ရလဒ် များကို

ကာလအလိုက်ဆန်းစစ်ခြင်းနှင့် အရေးကြီးပြီး အချိန်ကာလတစ်ခုအထိ စောင့်ရသည့်

အကျိုးသက်ရောက်မှုဆန်းစစ်ခြင်းတို့ကို ထည့်သွင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ MCCT လုပ်ငန်းသည်

ကလေးဘဝ ရက်(၁၀၀၀)ကာလအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်

ပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုပါကြောင်း၊

ယခုစီမံချက်သည် အနာဂါတ်နိုင်ငံကို လက်ဆင့်ကမ်းယူမည့် အနာဂါတ်မျိုးဆက်အတွက်

အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

ထို့နောက် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်

အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော

အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့ခြင်းအစီအစဉ်

(MCCT)အကောင်အထည်ဖော်မှုဆိုင်ရာ ဆန်းစစ်ချက်ဗီဒီယိုကို ပြသခဲ့ပါသည်။

ဆက်လက်ပြီး MCCT အကောင်အထည်ဖော်မှုဆိုင်ရာ ဆန်းစစ်ချက်အစီရင်ခံစာ စာအုပ်ကို

တာဝန်ယူဆောင်ရွက်ပေးခဲ့သော IPE Global Enterprise မှ အဖွဲ့ခေါင်းဆောင်က ပေးအပ်ရာ

ပြည်ထောင်စုဝန်ကြီးကလက်ခံရယူခဲ့ပြီး ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးများထံ

လွှဲပြောင်း ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံ

ရိုက်ကူးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

#hl_1

#npw_feb2020

Source:           MSWRR

 

ဖေဖော်ဝါရီ ၄ ၊ နေပြည်တော်

Sign Up

Upcoming Events