
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်တွင် အ.ထ.က (၄)ကျောင်း၊ လားရှိုးမြို့တွင် ကျောင်းသား/သူ (၆၀၀)ဦးနှင့် နေ့လည် (၁၃:၀၀)အချိန်တွင် အ.ထ.က (၈) ကျောင်း၊ လားရှိုးမြို့တွင် ကျောင်းသား/သူ (၅၀၀)ဦးတို့အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများအကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ ပြီး ဘေး(၈)မျိူး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သဘာဝဘေးသရုပ်ပြဗီဒီယိုများပြသခြင်း တို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_feb2020