သောက်သုံးရေများ ဖြန့်ဝေခြင်း

 

5_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးမှုအခက်အခဲ ကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေး ရွာအုပ်စု၊ ပုဂံမျှော်ကျေးရွာ၊ မူလတန်းလွန်ကျောင်း၊ အရှေ့မြောက်ကုန်းကျေးရွာတဲတိုက်နှင့် အရှေ့ပိုင်းတို့ရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၀၂) လုံး၊ အိမ်ထောင် စု (၁၁၈) စု၊ လူဦးရေ (၅၁၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၅ – ၂-၂၀၂၀) ရက်နေ့ ( ၀၉ : ၀၀ ) နာရီအချိန်တွင် ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

#otr

#mgy_feb2020

Source:           မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events