လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ မဲနယ်ကွင်းကျေးရွာအုပ်စု၊ အထက်တန်းကျောင်းခန်းမ၌ (၄.၂.၂၀၂၀)ရက်နေ့၊ (၁၃:၃၀)နာရီချိန်မှ (၁၅:၃၀)နာရီချိန်အထိ “သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့ပါသည်။ ယင်းဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာသိမှတ်ဖွယ်ရာများကို ဟောပြောဆွေးနွေးသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ သူများနှင့် ကျေးရွာသူ/သား စုစုပေါင်း (၁၆၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#rke_feb2020
Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)