
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀) ရက်နေ့တွင် သာပေါင်းမြို့နယ်၊သရက်ကုန်းကျေးရွာ၊ ခေနန်ကျေးရွာနှင့် ကွင်းပေါက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)များ၌ သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ကြက်ခြေနီလှုပ်ရှားမှုနှင့်သဘာဝ ဘေးအန္တရာယ်များအကြောင်း သိကောင်းစရာဟောပြောပွဲ ကို ကျောင်းသား/သူ(၂၀၀)ဦးခန့်အား သဘာဝဘေးနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_feb2020