Author Archives: Department of Disaster Management

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၂၀)ရက်နေ့ (၉:၀၀) နာရီအချိန်မှ(၁၀:၃၀)နာရီအထိ အချိန်ထိမိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ နားယုန်ကျေး ရွာ၊ ဘုန်းကြီးကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျေးရွာနေ ပြည်သူလူထု စုစုပေါင်း (၇၅)ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး(၈)မျိုး အကြောင်း ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့ သရုပ်ပြခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး … Read more

  • မင်းလှမြို့နယ်ဦးစီးမှူးရုံး ဖွင့်လှစ်ပြီးစီးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၂၀)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် မင်းလှမြို့နယ်ဦးစီးမှူးရုံးအား ဖွင့်လှစ်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_feb 2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀)ရက်နေ့၊ ရွေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မင်းကျီကျေးရွာတွင် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သော မီးဘေးသင့် အိမ်ခြေ (၁ )လုံး အိမ်ထောင်စု( ၁) စုမှလူဦးရေ (၁)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၁၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၂၁၀၀/-) ကျပ် ကယ်ဆယ်ရေးပစ္စည်း ၁၆မျိုး(၁)အိမ်ထောင်စာနှင့် တာပေါ်လင်စ(၁)စတို့အား (၆-၂-၂၀၂၀) ရက်နေ့ (၁၁:၃၀)အချိန်တွင်ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်မှ(၁၁း၀၀)နာရီအချိန်အထိ အိမ်မဲမြို့နယ်၊ ဝဲကြီးဝကျေးရွာအုပ်စု၊ ဝဲကြီးဝကျေးရွာတွင် ဒေသခံပြည်သူ(၁၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ဆိုင်သောအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_feb 2020  

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၂-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်မှ (၁၅:၀၀)နာရီ အချိန်အထိ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မန်လည်အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူ (၃၅၀) ဦးတို့ကို သဘာဝဘေးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #sgg_feb2020 Source:           ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   (၅-၂-၂၀၂၀)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီတွင် ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု (အ.ထ.က)ပထက်ကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၄၅၀)ဦး အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များနှင့် ဘောပင်များဝေငှခြင်းတို့ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_feb 2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • သဘာဝဘေးအန္တရယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    (၅-၂-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်အမျိုးသမီးရေးရာအဖွဲ့မှတာဝန်ရှိသူများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့၊ မဲခေါင်ရပ်ကွက်အတွင်းရှိ ပညာရေးနှင့်လေ့ကျင့် ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု၊ သက်မွေးလုပ်ငန်းသင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကို နံနက် (၉:၀၀) နာရီမှ နေ့လယ် (၁၂:၀၀) ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝ ဘေးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ သဘာဝဘေးအန္တရာယ်မကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီးနောက်ဆောင်ရန်/ ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်နေစဉ် တုန့်ပြန်နေထိုင်ရမည့်အနေအထားများ လက်တွေ့ပြသခြင်းအားလည်းကောင်း၊ အမျိုးသမီး … Read more

  • မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀) ရက်နေ့၌ ဖျာပုံမြို့နယ်၊ ကြက်ဖမွေးဇောင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ဖိုးငွေ(၃၀၀၀၀ဝ/- )ကျပ်၊ ကျပ်သုံးသိန်းတိတိအား (၅-၂- ၂၀၂၀) ရက်နေ့ (၁၄:၃၅)နာရီအချိန်ခန့်တွင် သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်၌ သေဆုံးသူ၏ မိသားစု ဝင်များလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #ayy_feb2020

  • ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ‌ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၅..၂..၂၀၂၀ရက်နေ့၊ နံနက် ၀၉း၃၀ချိန်တွင်အ.ထ.က (၁) ကျောင်း၊ သိန္နီမြို့တွင် ထက်/လယ်/မူ ကျောင်းသား/သူ (၁၀၀၀)ဦးနှင့် နေ့လည် ၁၃:၀၀ ချိန်တွင် အ.ထ.က (၂) ကျောင်း၊ သိန္နီမြို့တွင် ကျောင်းသား/သူ (၅၀၀)ဦးတို့အား ငလျင်ဘေးနှင့်အခြားသဘာဝဘေးများအကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီးဘေး (၈) မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သဘာဝဘေး video file ပြသခြင်းများ ဆောက်ရွက်ခဲ့ပြီး သဘာဝဘေးနှင့်ဆိုင်သော ဉာဏ်စမ်းပဟေဠိမေး/ဖြေ ပြုလုပ်၍ တီရှပ်၊စာအုပ်များလက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်မှူးနှင့် လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀)ရက်နေ့ (၁၃:၃၀)နာရီအချိန်မှ (၁၅း၃၀)နာရီအချိန်အထိ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူ (၁၉၈)ဦး၊ ကျေးရွာပြည်သူ(၅၀)ဦးတို့အား သဘာဝဘေးဖြစ်ပေါ်စေသည့် ဆိုးကျိုးများနှင့် ရာသီဉတုပြောင်းလဲခြင်းဆိုင်ရာအသိပညာဗဟုသုတများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များနှင့် လူမှု၀န်ထမ်းလုပ်ငန်းကြီး(၇)ရပ်အားရှင်းလင်းပြောကြား ဆွေးနွေးခဲ့ပြီးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb 2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)  

Sign Up

Upcoming Events