
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀)ရက်နေ့၊ ရွေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မင်းကျီကျေးရွာတွင် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သော မီးဘေးသင့် အိမ်ခြေ (၁ )လုံး အိမ်ထောင်စု( ၁) စုမှလူဦးရေ (၁)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၁၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၂၁၀၀/-) ကျပ် ကယ်ဆယ်ရေးပစ္စည်း ၁၆မျိုး(၁)အိမ်ထောင်စာနှင့် တာပေါ်လင်စ(၁)စတို့အား (၆-၂-၂၀၂၀) ရက်နေ့ (၁၁:၃၀)အချိန်တွင်ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#sgg_feb2020