Author Archives: Department of Disaster Management

  • မီးဘေးသင့်ပြည်သူအားထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၅-၃-၂၀၂၀) ရက်နေ့၊ (၀၅:၄၅) နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ မိုင်ပန်လယ်ကျေးရွာအုပ်စု၊ ရွှေညောင်ပင် ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် မီးဘေးသင့် အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) နှင့် လူဦးရေ(၉) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာထောက်ပံ့ငွေ (၁၈,၉၀၀) ကျပ် စုစုပေါင်းငွေ (၂၁၈,၉၀၀) ကျပ် အား(၅ -၃-၂၀၂၀) … Read more

  • သေနတ်ကျည်ထိမှန်သေဆုံးသူအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည် နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ စော်ဘွား လမ်းနေ ဦးလောက်အယ် သည် (၂၂-၂-၂၀၂၀) ရက်နေ့ နံနက်(၈:ဝဝ) နာရီအချိန်ခန့်တွင် သေနတ်ကျည်ထိမှန်၍ သေဆုံးခဲ့သောကြောင့် (၅-၃-၂၀၂၀) ရက်နေ့ နံနက် (၁၀:ဝဝ)နာရီ အချိန်တွင် နမ့်စန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် သေဆုံး သူမိသားစုထံသို့ ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀/-) အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr … Read more

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၃.၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီမှ (၁၁:၃၀) နာရီအထိ ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာ၊ ကျိုက်သုတ်ဓမ္မာရုံ၌ ရွာသူ/ ရွာသား (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန် အချက် များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြော ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင် များကို ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ #ar … Read more

  • လေပြင်းဘေးသင့်ပြည်သူမျာအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥမှင်ကုန်းကျေးရွာ အုပ်စု၊ ဥမင်ကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သွပ်အချပ်ရေ (၃၀) ချပ် အမိုး လန်သွားသော အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်အား (၅-၃-၂၀၂၀) ရက် နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #sgg_mar2020     Source: ကောလင်းမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)  

  • မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ  ခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၃-၂၀၂၀)ရက်နေ့ ၊ (၁၅:၂၀)နာရီ အချိန်တွင် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာ၌ ဖြစ်ပွားသော မီးဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု(၂)စု မှ ဘေးသင့်လူဦးရေ (၈)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၂) ပုံး၊ ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၆၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း(၂၁၆၈၀၀/-)ကျပ်အား လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌  (၅-၃-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး … Read more

  • လေဘေးကြိုတင်ကာကွယ်မှုများဆောင်ရွက်ရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၅.၃.၂၀၂၀)နေ့ နံနက်(၉:၃၀)အချိန် ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ မီးလောင်အော်ကျေးရွာ၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး၊ အားဖြည့်ပြင်ဆင်လိုသောနေအိမ်များအား မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဖြင့် ပူးပေါင်း၍ သွားရောက်အပင်ဆင်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #otr #tny_mar2020 Source:            မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သရက်ချောင်းမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ခန်းမ၌ (၅-၃-၂၀၂၀) ရက်နေ့တွင် “မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအ‌ခြေခံသင်တန်း” ကို သင်တန်းသား/သူ (၃၀) ဦးဖြင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၅-၃-၂၀၂၀) ရက်နေ့မှ (၇-၃-၂၀၂၀)ရက်နေ့အထိ (၃) ရက်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_mar2020 Source:           သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးကြိုတင်ကာကွယ်မှုများဆောင်ရွက်ရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၃-၂၀၂၀)ရက် နေ့တွင် ကနီမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ မြောင်းကုန်းကျေးရွာရှိ လေပြင်းဘေးကြိုတင်ကာကွယ်ရေးပြုလုပ်ရန်လိုအပ်မည့် နေအိမ်(၁၉)လုံးနှင့် အန္တရာယ်ရှိနိုင်သည့် ခုတ်ထွင်ရှင်းလင်းရန်လိုအပ်သော သစ်ပင်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်ကျေးစာရေး၊ ကျေးရွာခွဲတာဝန်ခံ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ   ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #otr #sgg_mar2020 Source:            ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နယူးယောက်မြို့ရှိ UNICEF ရုံးချုပ်မှ Mr. Robert Jenkins ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

    နေပြည်တော်၊ မတ် ၄                 လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်  နယူးယောက်မြို့ရှိ UNICEF ရုံးချုပ်မှ Education Associate Director ဖြစ်သူ Mr. Robert Jenkins ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ခြင်းနှင့် ပတ်သက်၍ ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက် ခြင်းလုပ်ငန်းနှင့် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဦးဆောင်၍ တိုးချဲ့ဆောင်ရွက်မည့်အခြေအနေများ၊ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ကလေးသူငယ်များ၊ … Read more

  • ငလျင်ဘေး ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၄.၃.၂၀၂၀)နေ့တွင် ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးတွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ရာ အင်းတော်မြို့နယ် ပုန်းဟုန်ကျေးရွာအုက်စု၊ ဖုန်ကုန်းကျေးရွာဘုန်းကြီးကျောင်းအတွင်းရှိ ရန်အောင်မင်္ဂလာကျောင်းဆောင်၊ ကျားယောဂီဆောင်၊ မယောဂီဆောင်နှင့် မော်လူးမြို့၊ မင်းသီရိရပ်ကွက် ဒီပင်္ကရာဘုရားဝင်းအတွင်း ဆွမ်းစားဆောင်RC (၂)ထပ်၊ ကျောင်းထိုင်ဘုန်းကြီးကျောင်းRC(၃)ထပ်တို့ ပျက်စီးမှုအတွက် တစ်ဆောင်လျှင်(၇၀၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်း(၅)ဆောင်အတွက် (၃၅၀၀၀၀ိ/-)ကို (၄.၃.၂၀၂၀)ရက်နေ့၊ (၁၅း၄၀)တွင်သွားရောက်ထာက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_eqk #sgg_mar2020 Source:            ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events