ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နယူးယောက်မြို့ရှိ UNICEF ရုံးချုပ်မှ Mr. Robert Jenkins ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

5_Pic_03

နေပြည်တော်၊ မတ် ၄                

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်  နယူးယောက်မြို့ရှိ UNICEF ရုံးချုပ်မှ Education Associate Director ဖြစ်သူ Mr. Robert Jenkins ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ခြင်းနှင့် ပတ်သက်၍ ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက် ခြင်းလုပ်ငန်းနှင့် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဦးဆောင်၍ တိုးချဲ့ဆောင်ရွက်မည့်အခြေအနေများ၊ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ကလေးသူငယ်များ၊ ပြည်တွင်းနေရပ်စွန့်ခွာရသူများ၏ မိသားစုဝင်ကလေး သူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းမှ မွေးဖွားလာသော ကလေးသူငယ်များအား အသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့သည့် အစီအစဉ် (MCCT) ဆောင်ရွက်နေမှုများ၊ မသန်စွမ်းကလေးသူငယ်များအတွက် ပညာသင်ကြားရေး ဆိုင်ရာအစီအစဉ်များ၊ မသန်စွမ်းမှုကို လျှော့ချနိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှု(ECI)ဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းနေသည့်အခြေအနေများနှင့် အဆိုပါနယ်ပယ်များတွင် UNICEFနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

#hl1

#npw_mar2020

Source:           MOSWRR

Sign Up

Upcoming Events