Author Archives: Department of Disaster Management

  • ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀. ၃.၂၀၂၀)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် သံတောင်ကြီးမြို့၊ စီပင်ကြီးကျေးရွာအုပ်စု၊ ချောင်းနှစ်ခွကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျေးရွာသား/သူ အင်အား (၁၀၀)ဦးဖြင့်ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပတ်သတ်သောသိကောင်းစရာများ၊ မီးဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #krn_mar2020 Source:            သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၁၀-၃-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီမှ (၁၁:၃၀)နာရီအထိ မွန်ပြည်နယ်၊ သထုံခရိုင် သထုံမြို့နယ်၊ စျေးမသွယ်အောက်ကျေးရွာအင်းဝိုင်းဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်းအားဆောင်ရွက်ခဲ့ရာ ပြည်သူလူထုအင်အား စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mon_mar2020 Source:            သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စု၊ နမ့်နော်ကျေးရွာ၊ ရှင်သန်ခြင်းအဖွဲ့ကိုယ့်အားကိုယ်ကိုးအိမ်ရာ၌ (၉-၃-၂၀၂၀) ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးနှင့် လူဦးရေ(၃၄)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၇၁,၄၀၀/-) ကျပ်တို့ကို (၉-၃-၂၀၂၀) ရက်နေ့၊ (၁၅:၄၀) နာရီအချိန်တွင် ပြည်သူ့လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_mar2020 Source:           ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၃-၂၀၂၀)ရက်နေ့၊ (၂၀:၂၀)နာရီအချိန် တွင်  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကြို့ကုန်း(၂)ကျေးရွာအုပ်စု၊ ကြို့ကုန်း (၂) ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးမှ  မီးဘေးသင့် ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၁)စုရှိ လူဦးရေ(၄)ဦး တို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ ငွေ (၈၄၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၄၀၀/-) ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး (ပလပ် စတစ်ပုံးအပါ)(၁)အိမ်ထောင်စာအား … Read more

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၃.၂၀၂၀)ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး၏ ဦးဆောင်မှုဖြင့် ဘိုကလေးမြို့နယ် မဂူကျေးရွာအုပ်စု မြစ်ပိုးကျုံစိန်ကျေးရွာတွင် “သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း (၁/၂၀၂၀)”အားဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ayy_mar2020 Source:            ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၉-၃-၂၀၂၀)ရက် နံနက် (၁၀းဝဝ)နာရီမှ (၁၁း၃၀)နာရီထိ စစ်တွေမြို့နယ်၊ ကျက်တောပြင်ကျေးရွာရှိ လူဦးရေ(၁၀၀)ဦးအားလည်းကောင်း၊ နေ့လည် (၁၃း၃၀)နာရီမှ (၁၅း၃၀)နာရီထိ စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာရှိ လူဦးရေ(၈၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိနားလည်ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #rke_mar 2020  

  • သောက်သုံးရေလှူဒါန်းမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၃-၂၀၂၀)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါဆိုခူကျေးရွာသို့ ရေသယ်ယာဉ် (၁) စီးဖြင့် သောက်သုံးရေဂါလံ (၃၂၀၀) အားလည်းကောင်း၊  ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါလော်ခူကျေးရွာသို့ ရေသယ်ယာဉ် (၁) စီးဖြင့် သောက်သုံးရေဂါလံ (၁၂၀၀) အားလည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။ #kyh­_mar2020 Source:  ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • အိုးပြင်မဲကျေးရွာမီးဘေးအတွက် အလူဇင့်သွပ် လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၂-၂၀၂၀)ရက်နေ့တွင် မင်းဘူးမြို့နယ်၊ အိုင်မင်းကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ထောင်စု(၇၄)စုအတွက် တစ်အိမ်ထောင်လျှင် အလူဇင့်သွပ်(၇)ပေ(၃၀)ချပ်၊ စုစုပေါင်း(၂၂၂၀)ချပ်တို့အား (၉-၃-၂၀၂၀)ရက်နေ့တွင် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှတာဝန်ရှိသူများနှင့်အတူ ထောက်ပံလှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fir #mgy_mar2020

  • သောက်သုံးရေလှူဒါန်းမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၈ – ၃ -၂၀၂၀ ) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ တနောကလောကျေးရွာတွင် သောက်သုံးရေဂါလံ (၁၂၀၀) အားလည်းကောင်း၊ ဖရူဆိုမြို့နယ် ၊ ကေးလျားကျေးရွာအုပ်စု၊ ဒေါခူလီကျေးရွာတွင် သောက်သုံးရေဂါလံ (၃၂၀၀) အားလည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။ #kyh­_mar2020 Source:  ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

Sign Up

Upcoming Events