လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၂-၂၀၂၀)ရက်နေ့တွင် မင်းဘူးမြို့နယ်၊ အိုင်မင်းကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ထောင်စု(၇၄)စုအတွက် တစ်အိမ်ထောင်လျှင် အလူဇင့်သွပ်(၇)ပေ(၃၀)ချပ်၊ စုစုပေါင်း(၂၂၂၀)ချပ်တို့အား (၉-၃-၂၀၂၀)ရက်နေ့တွင် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှတာဝန်ရှိသူများနှင့်အတူ ထောက်ပံလှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)