လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စု၊ နမ့်နော်ကျေးရွာ၊ ရှင်သန်ခြင်းအဖွဲ့ကိုယ့်အားကိုယ်ကိုးအိမ်ရာ၌ (၉-၃-၂၀၂၀) ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးနှင့် လူဦးရေ(၃၄)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၇၁,၄၀၀/-) ကျပ်တို့ကို (၉-၃-၂၀၂၀) ရက်နေ့၊ (၁၅:၄၀) နာရီအချိန်တွင် ပြည်သူ့လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#shn_mar2020
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)