
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၃-၂၀၂၀)ရက်နေ့၊ (၂၀:၂၀)နာရီအချိန် တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကြို့ကုန်း(၂)ကျေးရွာအုပ်စု၊ ကြို့ကုန်း (၂) ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့် ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၁)စုရှိ လူဦးရေ(၄)ဦး တို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ ငွေ (၈၄၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၄၀၀/-) ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး (ပလပ် စတစ်ပုံးအပါ)(၁)အိမ်ထောင်စာအား (၁၀-၃-၂၀၂၀)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး (၁)လွှတ်တော် ကိုယ်စားလှယ်၊ မင်းလှမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေးသင့်ပြည်သူထံ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#bgo_mar2020