လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၉-၃-၂၀၂၀)ရက် နံနက် (၁၀းဝဝ)နာရီမှ (၁၁း၃၀)နာရီထိ စစ်တွေမြို့နယ်၊ ကျက်တောပြင်ကျေးရွာရှိ လူဦးရေ(၁၀၀)ဦးအားလည်းကောင်း၊ နေ့လည် (၁၃း၃၀)နာရီမှ (၁၅း၃၀)နာရီထိ စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာရှိ လူဦးရေ(၈၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိနားလည်ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#rke_mar 2020