Author Archives: Department of Disaster Management

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှု သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ပူတာအိုမြို့ လူငယ်သင်တန်းကျောင်းခန်းမ ၌ (၁၁-၃-၂၀၂၀) ရက်နေ့ နံနက် (၉:၀၀)အချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်း အနား၌ ပူတာအိုခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကာ သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ … Read more

  • သောက်သုံးရေထောက်ပံ့လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၉-၃-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတမကြီးကျေးရွာသို့ သောက်သုံးရေဂါလံ (၃၂၀၀)ကို သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_mar2020 Source:           ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၁-၃-၂၀၂၀)ရက်နေ့၊(၁၁: ၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ် ၊ကြာကန်ကျေးရွာအုပ်စု၊ ကြာကန် ကျေးရွာ(တောင်ပိုင်း)၊ ဦးကျော်စိန်(တဲတိုက်)၊ နတ်ချောင်(တဲတိုက်)ရှိအိမ်ခြေ (၁၁၂) လုံး၊ အိမ်ထောင်စု (၁၃၄) စု၊ လူဦးရေ (၅၆၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha-drg #mgy_mar2020

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်ခန့်တွင်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအုပ်စု၊ စိုင်ခြုံရွာသစ်ကျေးရွာအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(သွပ်မိုး၊ ဓနိမိုး၊ ပျဉ်ခင်း၊ ဇလီကာ) (၃)လုံး၊ နေအိမ် (သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ) (၂)လုံး၊ စုစုပေါင်းနေအိမ်(၅) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၅)စု လူဦးရေ ကျား(၉)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်း(၂၁) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၆) မျိုး၊ အိမ်ထောင်စု(၅) စုစာ၊ … Read more

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းကျင်းပခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ ပင်လည်ဘူးမြို့နယ်တွင် နံနက်(၉:၀၀) (၁၁-၃-၂၀၂၀)မှ (၁၃-၃-၂၀၂၀)အထိ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအား သင်တန်းသား (၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ စုစုပေါင်း (၇၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_mar2020 Source:            ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေထောက်ပံ့လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၉-၃-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအုပ်စု၊ ထီးဒူးကူးကျေးရွာသို့ သောက်သုံးရေဂါလံ (၃၂၀၀) ကိုလည်းကောင်း၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ထီးဒူးခူကျေးရွာသို့ သောက်သုံးရေဂါလံ (၁၂၀၀) ကိုလည်းကောင်း၊ မိုဆိုကျေးရွာအုပ်စု၊ မိုဆိုကျေးရွာသို့ သောက်သုံးရေဂါလံ (၃၂၀၀) တို့ကိုလည်းကောင်း သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_mar2020 Source:           ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ပန္နက်တင်အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၀၀) အချိန်တွင် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်၊ မြဝတီ(၂)လမ်း၊ ဦးပိုင်အမှတ်၊ (၉၄၊၉၅) (၆၀’x၁၂၀’) (၀.၁၆)ဧက၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ပေါက်မြို့နယ်ဦးစီးမှူးရုံး တည်ဆောက်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ပေါက်မြို့ အောင်တံခွန်ရပ်ကွက်၊ မြဝတီ(၂)လမ်းရှိ ပေါက်မြို့နယ်ဦးစီးမှူးရုံးမြေနေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တင်ဒါအောင်မြင်သည့် မြင့်မိုရ်စံထားကုမ္ပဏီမှ တာဝန်ရှိသူများတက်ရောက်ကြပြီး … Read more

  • မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၃-၂၀၂၀)ရက်နေ့တွင်  ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ သဇင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်အိမ်ထောင်စု (၂) စုအတွက် (၃၄,၇၅၃) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း အိမ်ထောင်စု(၂)စုစာ၊ ဘေးသင့်အိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၀၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၅,၂၀၀) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၃၂၅,၂၀၀)ကျပ်အား (၁၀-၃-၂၀၂၀) ရက်နေ့၊ (၁၃:၄၅) အချိန်တွင် ကျွန်းစုမြို့နယ်၊ … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဒည်ကုန်းကျေးရွာ၌ (၇-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-) ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၄,၇၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃) အိမ်ထောင်စုစာတို့ကို (၁‌၀-၃-၂၀၂၀) ရက်နေ့၊ (၁၆:၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_mar2020 Source:           သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးအတွက်ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေထောက်ပံ့ပြီးစီးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဒည်ကုန်းကျေးရွာ၌ (၇-၃-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀ဝိ/-)၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၁၄၇၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၃၁၄၇၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃) အိမ်ထောင်စာ(၉၇၀၅၉ိ/-)အား (၁‌၀-၃-၂၀၂၀) ရက်နေ့(၁၆း၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #ayy_mar2020 Source:            သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events