လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၉-၃-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအုပ်စု၊ ထီးဒူးကူးကျေးရွာသို့ သောက်သုံးရေဂါလံ (၃၂၀၀) ကိုလည်းကောင်း၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ထီးဒူးခူကျေးရွာသို့ သောက်သုံးရေဂါလံ (၁၂၀၀) ကိုလည်းကောင်း၊ မိုဆိုကျေးရွာအုပ်စု၊ မိုဆိုကျေးရွာသို့ သောက်သုံးရေဂါလံ (၃၂၀၀) တို့ကိုလည်းကောင်း သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_drg
#kyh_mar2020
Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)