လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၀၀) အချိန်တွင် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်၊ မြဝတီ(၂)လမ်း၊ ဦးပိုင်အမှတ်၊ (၉၄၊၉၅) (၆၀’x၁၂၀’) (၀.၁၆)ဧက၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ပေါက်မြို့နယ်ဦးစီးမှူးရုံး တည်ဆောက်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ပေါက်မြို့ အောင်တံခွန်ရပ်ကွက်၊ မြဝတီ(၂)လမ်းရှိ ပေါက်မြို့နယ်ဦးစီးမှူးရုံးမြေနေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တင်ဒါအောင်မြင်သည့် မြင့်မိုရ်စံထားကုမ္ပဏီမှ တာဝန်ရှိသူများတက်ရောက်ကြပြီး စုစုပေါင်း လူဦးရေ (၂၀)ဖြင့် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#mgy_mar2020