
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၃-၂၀၂၀)ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ သဇင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်အိမ်ထောင်စု (၂) စုအတွက် (၃၄,၇၅၃) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း အိမ်ထောင်စု(၂)စုစာ၊ ဘေးသင့်အိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၀၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၅,၂၀၀) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၃၂၅,၂၀၀)ကျပ်အား (၁၀-၃-၂၀၂၀) ရက်နေ့၊ (၁၃:၄၅) အချိန်တွင် ကျွန်းစုမြို့နယ်၊ ကြက်ခြေနီတပ်ဖွဲ့နှင့်အတူ သွားရောက်ထောက်ပံ့ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#tny_mar2020