လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်ခန့်တွင်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအုပ်စု၊ စိုင်ခြုံရွာသစ်ကျေးရွာအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်(သွပ်မိုး၊ ဓနိမိုး၊ ပျဉ်ခင်း၊ ဇလီကာ) (၃)လုံး၊ နေအိမ် (သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ) (၂)လုံး၊ စုစုပေါင်းနေအိမ်(၅) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၅)စု လူဦးရေ ကျား(၉)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်း(၂၁) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၆) မျိုး၊ အိမ်ထောင်စု(၅) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၇၀၀,၀၀၀) ကျပ်နှင့် လူဦးရေ(၂၁) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၄၄,၁၀၀) ကျပ်၊ စုစုပေါင်း(၇၄၄,၁၀၀) ကျပ် အား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#rke_mar2020
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)