မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

11_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဒည်ကုန်းကျေးရွာ၌ (၇-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-) ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၄,၇၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃) အိမ်ထောင်စုစာတို့ကို (၁‌၀-၃-၂၀၂၀) ရက်နေ့၊ (၁၆:၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#ayy_mar2020

Source:           သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events