Author Archives: Department of Disaster Management
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့ သော သံခွံစက်လှေ (၂) စီးအား လွှဲပြောင်းပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈ -၃ -၂၀၂၀) နေ့တွင် တနင်္သာရီ တိုင်းဒေသကြီအတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက အရေးပေါ်ကယ်ဆယ်ရေးနှင့် ထောက် ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုရန်ပုံငွေ သိန်း (၆၀၀) ကျပ်ဖြင့် ထူးထက်ရှိန်ကုမ္ပဏီမှ တင်ဒါအောင်မြင်ဆောင်ရွက်ခဲ့သော သံခွံစက်လှေ အရွယ်အစား ( ၅၂ပေ x ၈.၅ပေ x ၄ပေ )၊ အင်ဂျင်အမျိုးအစား (Hino Ho 7c) အင်ဂျင်(၆) လုံးထိုး၊ (130 … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့်အတူ (၁၉-၃-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ သပြုရေလယ်ကျေးရွာအုပ်စု၊ ရွှေဒင်္ဂါးကျွန်းကျေးရွာ၌ လေပြင်းဘေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းခြင်း၊ ဆောင်ရွက်မည့် အခြေအနေအား ရှင်းလင်းခြင်း၊ ခိုင်ခံ့မှုအားနည်းသော နေအိမ်များနှင့် အားဖြည့်မွမ်းမံပြင်ဆင်ရန်လိုအပ်သည့် နေအိမ်များအား ကွင်းဆင်းစစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #prep_sgw #ayy_mar2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၃-၂၀၂၀) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ လေလံပင် ကျေးရွာအုပ်စုအတွင်းရှိ ညောင်ဝိုင်းလေးကျေးရွာ၌လည်းကောင်း၊ ကျိုက်လတ်မြို့နယ်၊ လေးအိမ်တန်း ကျေးရွာအုပ်စုအတွင်းရှိ ပွေလီကုန်းကျေးရွာ၌လည်းကောင်း လေပြင်းဘေးကြိုတင် ကာကွယ်နိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအုပ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ လေပြင်း ဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေအား ညှိနှိုင်းခြင်း၊ ခိုင်ခံ့မှုအားနည်းသော နေအိမ်များနှင့် အားဖြည့်မွမ်းမံပြင်ဆင်ရန်လိုအပ်သည့် နေအိမ်များအား ကွင်းဆင်း၍ စာရင်းကောက်ယူခြင်း တို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #prep_sgw #ayy_mar2020 … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၂၀) ရက်နေ့တွင် အင်္ဂပူမြို့၊ ခုံကြီးကျေးရွာအုပ်စု၊ မကျီးပင်ကွင်းကျေးရွာတွင် ဖြစ်ပွားသော မီးဘေးသင့် အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု(၂) စုရှိလူဦးရေ (၈) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀ဝ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၁၆,၈၀ဝ/-) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး၊ (၂) အိမ်ထောင်စာ တို့ကို (၁၈-၃-၂၀၂၀) ရက်နေ့ … Read more
-
လေဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၃-၂၀၂၀)ရက်နေ့၊ (၁၃:၅၀) နာရီအချိန်တွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ ထီးရိုးကျေးရွာအုပ်စု၊ ထီးရိုးကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁)စု၊ လူဦးရေ (၅)ဦး လေဘေးသင့်ခဲ့ရာ လေဘေးသင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၀,၅၀ဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀ဝ)ကျပ် ရန်ပုံငွေ စုစုပေါင်း (၄၀,၅၀ဝ)ကျပ်အား (၁၉-၃-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၃-၂၀၂၀) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ လေလံပင်ကျေးရွာအုပ်စုအတွင်းရှိ လမုလေးကျေးရွာ၌ လေပြင်းဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအုပ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ လေပြင်း ဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေအား ညှိနှိုင်းခြင်း၊ ခိုင်ခံ့မှုအားနည်းသော နေအိမ်များနှင့် အားဖြည့်မွမ်းမံပြင်ဆင်ရန်လိုအပ်သည့် နေအိမ်များအား ကွင်းဆင်း၍ စာရင်းကောက်ယူခြင်း တို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #prep_sgw #ayy_mar2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၂၀) ရက်နေ့၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ခြေ(၂)လုံး၊ ဘေးသင့်လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက် စာ ရန်ပုံငွေ(၈,၄၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာတို့ကို (၁၉-၃-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီချိန်တွင် မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မီးဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကြို့ပင်ကောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ ရပ်မိ/ရပ်ဖတို့နှင့်ပူးပေါင်း၍ (၁၇-၃-၂၀၂၀) ရက်နေ့နှင့် (၁၈-၃-၂၀၂၀) ရက်နေ့တို့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာ(၆)ရွာနှင့် ပျဉ်ထောင်ကွင်းကျေးရွာအုပ်စုရှိ ကျေးရွာ(၄)ရွာတို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လေပြင်းဘေးကြောင့် ပျက်စီးနိုင်သောနေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များအား ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #prep_sgw #bgo_mar2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၃-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၆:၀၀)နာရီအချိန်ထိ ရွာစည်ကျေးရွာတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး နေအိမ်များ အားဖြည့်ပြုပြင်ခြင်းကို မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာပြည်သူလူထု တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #prep_sgw #mgy_mar2020
-
ညွှန်ကြားရေးမှူးချုပ်မှ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးသို့ သွားရောက်စစ်ဆေးပြီး ကျောက်ဖြူခရိုင်၌ သောက်သုံးရေရရှိနိုင်ရေး ကွင်းဆင်းလေ့လာခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်သည် (၁၈-၃-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ရောက်ရှိပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရုံးမှ ဝန်ထမ်းများ အားတွေ့ဆုံ၍ လမ်းညွှန်မှာကြားမှုများ ဆောင်ရွက်ခြင်း၊ ရုံးနှင့်ဝန်ထမ်းအိမ်ရာအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကယ်ဆယ်ရေးပစ္စည်းထားရှိသည့် သိုလှောင်ရုံများအတွင်း ပစ္စည်းထားသို ထိန်းသိမ်းမှုများ စနစ်တကျရှိစေရန်နှင့် သိုလှောင်ရုံစည်းမျဉ်းစည်းကမ်း များ လိုက်နာဆောင်ရွက်တတ်စေရန် စစ်ဆေးလမ်းညွှန်မှုပြုခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကျောက်ဖြူခရိုင်တွင် နွေကာလ၌ ရေချိုရရှိမှု အထောက်အပံ့ဖြစ်စေရန် ဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများအား မြို့မိမြို့ဖများ၊ … Read more
