အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့ သော သံခွံစက်လှေ (၂) စီးအား လွှဲပြောင်းပေးအပ်မှုသတင်း

19_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈ -၃ -၂၀၂၀) နေ့တွင် တနင်္သာရီ တိုင်းဒေသကြီအတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက အရေးပေါ်ကယ်ဆယ်ရေးနှင့် ထောက် ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုရန်ပုံငွေ သိန်း (၆၀၀) ကျပ်ဖြင့် ထူးထက်ရှိန်ကုမ္ပဏီမှ တင်ဒါအောင်မြင်ဆောင်ရွက်ခဲ့သော   သံခွံစက်လှေ အရွယ်အစား ( ၅၂ပေ x ၈.၅ပေ x ၄ပေ )၊ အင်ဂျင်အမျိုးအစား (Hino Ho 7c) အင်ဂျင်(၆) လုံးထိုး၊ (130 hp) (၂) စီး ဖြစ်သော (မေခလာ ၁) နှင့် (မေခလာ ၂) တို့အား တိုင်း ဒေသကြီးသဘာ၀ဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲအဖွဲ့ကိုယ်စား တနင်္သာရီမြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံ သွားရောက်လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

#otr

#tny_mar2020

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events