လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၃-၂၀၂၀) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ လေလံပင် ကျေးရွာအုပ်စုအတွင်းရှိ ညောင်ဝိုင်းလေးကျေးရွာ၌လည်းကောင်း၊ ကျိုက်လတ်မြို့နယ်၊ လေးအိမ်တန်း ကျေးရွာအုပ်စုအတွင်းရှိ ပွေလီကုန်းကျေးရွာ၌လည်းကောင်း လေပြင်းဘေးကြိုတင် ကာကွယ်နိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအုပ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ လေပြင်း ဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေအား ညှိနှိုင်းခြင်း၊ ခိုင်ခံ့မှုအားနည်းသော နေအိမ်များနှင့် အားဖြည့်မွမ်းမံပြင်ဆင်ရန်လိုအပ်သည့် နေအိမ်များအား ကွင်းဆင်း၍ စာရင်းကောက်ယူခြင်း တို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#prep_sgw
#ayy_mar2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)