
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၃-၂၀၂၀)ရက်နေ့၊ (၁၃:၅၀) နာရီအချိန်တွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ ထီးရိုးကျေးရွာအုပ်စု၊ ထီးရိုးကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁)စု၊ လူဦးရေ (၅)ဦး လေဘေးသင့်ခဲ့ရာ လေဘေးသင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၀,၅၀ဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀ဝ)ကျပ် ရန်ပုံငွေ စုစုပေါင်း (၄၀,၅၀ဝ)ကျပ်အား (၁၉-၃-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#mgy_mar2020