လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကြို့ပင်ကောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ ရပ်မိ/ရပ်ဖတို့နှင့်ပူးပေါင်း၍ (၁၇-၃-၂၀၂၀) ရက်နေ့နှင့် (၁၈-၃-၂၀၂၀) ရက်နေ့တို့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာ(၆)ရွာနှင့် ပျဉ်ထောင်ကွင်းကျေးရွာအုပ်စုရှိ ကျေးရွာ(၄)ရွာတို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လေပြင်းဘေးကြောင့် ပျက်စီးနိုင်သောနေအိမ်များ၊ ကြံ့ခိုင်မှုအားနည်းပြီး ပြန်လည်မပြုပြင်နိုင်သော နေအိမ်များအား ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့ပါကြောင်း သတင်းရရှိပါသည်။
#prep_sgw
#bgo_mar2020
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)