ညွှန်ကြားရေးမှူးချုပ်မှ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးသို့ သွားရောက်စစ်ဆေးပြီး ကျောက်ဖြူခရိုင်၌ သောက်သုံးရေရရှိနိုင်ရေး ကွင်းဆင်းလေ့လာခြင်း

19_Pic_01 19_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်သည် (၁၈-၃-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ရောက်ရှိပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရုံးမှ ဝန်ထမ်းများ အားတွေ့ဆုံ၍ လမ်းညွှန်မှာကြားမှုများ ဆောင်ရွက်ခြင်း၊ ရုံးနှင့်ဝန်ထမ်းအိမ်ရာအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကယ်ဆယ်ရေးပစ္စည်းထားရှိသည့် သိုလှောင်ရုံများအတွင်း ပစ္စည်းထားသို ထိန်းသိမ်းမှုများ စနစ်တကျရှိစေရန်နှင့် သိုလှောင်ရုံစည်းမျဉ်းစည်းကမ်း များ လိုက်နာဆောင်ရွက်တတ်စေရန် စစ်ဆေးလမ်းညွှန်မှုပြုခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကျောက်ဖြူခရိုင်တွင် နွေကာလ၌ ရေချိုရရှိမှု အထောက်အပံ့ဖြစ်စေရန် ဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများအား မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းလေ့လာခဲ့ပြီး လိုအပ်သည်များအား ဆက်လက်ညှိနှိုင်းပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပါသည်။

dg

#npw_mar2020

Source:           DDM   

Sign Up

Upcoming Events