Author Archives: Department of Disaster Management
-
တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်တွေမြို့သို့ နေရပ်စွန့်ခွာပြီး ခိုလှုံရန်ရောက်ရှိလာသည့် တိုက်ပွဲရှောင် စခန်း(၆)ခုမှ စုစုပေါင်း တိုက်ပွဲရှောင် အိမ်ထောင်စု(၆၁)စု၊ လူဦးရေ(၂၁၀)ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာဖိုးထောက်ပံ့ငွေ(၈၈၂၀၀၀/-)အား(၂-၄-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_apr 2020 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid – 19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀ ) ရက်နေ့ ည(၁၇ : ၀၀)မှ (၂၁ : ၃၀) အချိန်ထိ သံတောင်မြိုပေါ်ရှိရပ်ကွက်များဖြစ်သော အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်များ၌ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရးမှူးများနှင့်အတူ အသံချဲ့စက်ဖြင့် COVID-19 ကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #krn_apr2020 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂-၄-၂၀၂၀)ရက်နေ့၊ ည (၂၀:၀၀)နာရီအချိန်မှ စတင်ပြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ ကင်းရပ်ကွက်အတွင်းရှိ လမ်းများနှင့် ပန်းပဲတန်းရပ်ကွက်အတွင်းရှိ လမ်းများတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွားလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို ရပ်ကွက်နေပြည်သူများ သိရှိလိုက်နာနိုင်စေရန် အသိပညာပေး နှိုးဆော်ခြင်းများ လိုက်လံဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr 2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့တွင် မင်းတပ်မြို့နယ်၊ ထင်ချောင်းအုပ်စု၊ ဘောင်ထဲကျေးရွာတွင် Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူများသို့ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပန်ကြားချက်များ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #chn_apr 2020 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့၊ (၁၅ : ၃၀)နာရီအချိန်တွင် တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မွန်ကာကျောင်းအုပ်စု၊ ဟိုပေါ့ (၂) ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ်(၂) လုံး၊ အိမ်ထောင်စု (၂) စု ၊လူဦးရေ (၁၁) ဦးမီးဘေးသင့်ခဲ့ရာ သက်ကယ်မိုး၊ ထရံကာနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက် ပံ့ငွေ (၂၀၀၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၁)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ … Read more
-
Covid – 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး ပန်ကြားချက်များ လှည့်လည်ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ မြစ်ကြီးနား မြို့နယ်ရှိ လယ်ကုန်းဗက်လင်နှစ်ခြင်း IDPs စခန်းရှိ အိမ်ထောင်စု(၆၀)စုအတွက် ဆပ်ပြာခဲ(၆၀)ပေးအပ်ခဲ့ပြီး၊ ဒူကထောင်ရပ်ကွက်၊ စီတာပူရပ်ကွက်၊ အောင်နန်းရပ်ကွက် တို့၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့် လည်ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #kcn_apr2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး … Read more
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီအချိန်မှ (၁၇:၃၀)နာရီအချိန်ထိ လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်အဝင်အထွက်စီးနင်း လိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်များ တိုင်းတာပေးခြင်းနှင့် ပြည်တွင်းပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာများလှည့်လည်ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့တွင် ညောင်ဝန်းကျေးရွာအုပ်စု၊ ညောင်ဝန်းရွာ ၊ ဆီဆုံရွာ၊ မိုးနှံရွာ၊ သရက်ခုံကျေးရွာအုပ်စု၊သရက်ခုံရွာ၊ အင်ကြောစင်ရွာ၊ ညောင်ပင်သာရွာ၊ နနွင်းတော့ကျေးရွာအုပ်စု၊ ကျောက္ကာရွာ၊ မင်းကုန်းရွာ၊ ရွာမရွာ၊ ပန်းတင်ရွာ၊ရေကန်သာအုပ်စု၊ ရေကန်သာရွာ၊ လွယ်မောက်တောင်ရွာ၊ တောင်ယာကြီး တောရွာ၊ သက္ကယ်ကျင်းရွာ၊ သဖန်းကုန်းရွာ၊ လွှဲမောက်ရွာ၊ဂွေးချိုရွာ၊ နတ်ရေတွင်းရွာ၊ အင်ပင်သာ အုပ်စု၊ အင်ပင်သာရွာ၊ စစ်တောရွာ၊ ကသစ်ကုန်းရွာ၊ လက်ပံရှိုရွာ၊ ကပ္ဖလူးရွာ၊ဇီးကုန်းရွာ ၊ဝါးရုံခုံရွာ၊ ဝါးရုံခုံကျေးရွာအုပ်စု၊ ဝါးရုံခုံရွာ၊ ကြုံခုံရွာ၊ ဇီးခုံရွာ၊ … Read more
-
COVID- 19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး ဆော်သြခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ဗီနိုင်းပိုစတာများ ကပ်ခြင်းတို့ဆောင်ရွက်မှုသတင်း
(၂-၄-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ ကျောက်ဖျာကျေးရွာ၊ ကဘင်ကျေးရွာ၊ အထူးဆိပ်ကျေးရွာတို့တွင်လည်းကောင်း၊ ညနေတွင် မြိတ်မြို့နယ်၊ ကန်ခေါင်းရပ်ကွက်၌ လည်းကောင်း COVID- 19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး ဆော်သြခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ ဗီနိုင်းပိုစတာများကပ် ခြင်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့၊အရန်မီးသတ်တပ်ဖွဲ့၊ ရပ်ကျေးအဖွဲ့များ ပူးပေါင်း၍ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_apr2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး … Read more
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့(၀၈း၃၀) အချိန်မှ (၁၇း၃၀) အချိန်အထိ ယင်းမာပင်မြို့နယ်အတွင်းရှိ ရင်ပေါင်တိုင်ကျေးရွာ၊ ပဲခင်းမရွာ၊ ရွှေလှံကျေးရွာ၊ ဆင်တဲကျေးရွာ၊ မင်းမကုန်းကျေးရွာ၊ ဆုံရွာ၊ ပြောင်းပြာကျေးရွာ၊ လက်လှုပ်ကျေးရွာ၊ စားတော်ပြင်ကျေးရွာနှင့် မြို့ပေါ်ကျေးရွာများတွင် အသံချဲ့စက်ဖြင့် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်နှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား ယင်းမာပင်မြို့နယ် လူမှုကူညီရေးကွန်ယက်နှင့်အတူ လိုက်လံအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိသည်။ #ar #sgg_apr2020 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
