COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆောင်ရွက်နေမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂-၄-၂၀၂၀)ရက်နေ့၊ ည (၂၀:၀၀)နာရီအချိန်မှ စတင်ပြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ ကင်းရပ်ကွက်အတွင်းရှိ လမ်းများနှင့် ပန်းပဲတန်းရပ်ကွက်အတွင်းရှိ လမ်းများတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွားလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို ရပ်ကွက်နေပြည်သူများ သိရှိလိုက်နာနိုင်စေရန် အသိပညာပေး နှိုးဆော်ခြင်းများ လိုက်လံဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#ayy_apr 2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events