လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်တွေမြို့သို့ နေရပ်စွန့်ခွာပြီး ခိုလှုံရန်ရောက်ရှိလာသည့် တိုက်ပွဲရှောင် စခန်း(၆)ခုမှ စုစုပေါင်း တိုက်ပွဲရှောင် အိမ်ထောင်စု(၆၁)စု၊ လူဦးရေ(၂၁၀)ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာဖိုးထောက်ပံ့ငွေ(၈၈၂၀၀၀/-)အား(၂-၄-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)