လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့၊ (၁၅ : ၃၀)နာရီအချိန်တွင် တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မွန်ကာကျောင်းအုပ်စု၊ ဟိုပေါ့ (၂) ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ်(၂) လုံး၊ အိမ်ထောင်စု (၂) စု ၊လူဦးရေ (၁၁) ဦးမီးဘေးသင့်ခဲ့ရာ သက်ကယ်မိုး၊ ထရံကာနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက် ပံ့ငွေ (၂၀၀၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၁)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၃၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၃၁၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ (၂) အိမ် ထောင်စုစာတို့ကို (၂-၄-၂၀၂၀) ရက်နေ့၊ (၁၆ : ၀၀) နာရီအချိန်တွင် မြို့နယ်ထွေအုပ်ရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြန်ဆက်ဦးစီးမှူးတို့နှင့် အတူ ဘေးသင့်ပြည်သူတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_fir
#shn_apr2020
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)