(၂-၄-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ ကျောက်ဖျာကျေးရွာ၊ ကဘင်ကျေးရွာ၊ အထူးဆိပ်ကျေးရွာတို့တွင်လည်းကောင်း၊ ညနေတွင် မြိတ်မြို့နယ်၊ ကန်ခေါင်းရပ်ကွက်၌ လည်းကောင်း COVID- 19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး ဆော်သြခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ ဗီနိုင်းပိုစတာများကပ် ခြင်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့၊အရန်မီးသတ်တပ်ဖွဲ့၊ ရပ်ကျေးအဖွဲ့များ ပူးပေါင်း၍ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)