COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့(၀၈း၃၀) အချိန်မှ (၁၇း၃၀) အချိန်အထိ ယင်းမာပင်မြို့နယ်အတွင်းရှိ ရင်ပေါင်တိုင်ကျေးရွာ၊ ပဲခင်းမရွာ၊ ရွှေလှံကျေးရွာ၊ ဆင်တဲကျေးရွာ၊ မင်းမကုန်းကျေးရွာ၊ ဆုံရွာ၊ ပြောင်းပြာကျေးရွာ၊ လက်လှုပ်ကျေးရွာ၊ စားတော်ပြင်ကျေးရွာနှင့် မြို့ပေါ်ကျေးရွာများတွင် အသံချဲ့စက်ဖြင့် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်နှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား ယင်းမာပင်မြို့နယ် လူမှုကူညီရေးကွန်ယက်နှင့်အတူ  လိုက်လံအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိသည်။

#ar

#sgg_apr2020

Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events