Author Archives: Department of Disaster Management

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနတို့နှင့် အတူပူးပေါင်း၍ (၁၆-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စုအတွင်းရှိ ကျုံလတာကျေးရွာ၊ ကျွန်းကြားကြီးကျေးရွာ၊ ကျွန်းကြား လေးကျေးရွာနှင့် လမုတောကျေးရွာတို့၌ ဌာနမှပေးပို့ထားသော Covid-19နှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်ကို အသံဖိုင်ဖြင့်လည်းကောင်း၊ Hand Speaker၊ Loud Speaker များအသုံးပြု၍လည်းကောင်း လှည့်လှည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီအသင်းတို့နှင့် ပူပေါင်း၍ ကျိုင်းတုံ-တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့ တွင်းသို့ အ၀င်/ အထွက် ယာဉ်လိုင်းများတွင်စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့၊ ယန်းလော့ကျေးရွာအုပ်စု၊ ဖိုင်ဘိန်းကျေးရွာနှင့် နမ့်ဝေါ်စန့်ကျေးရွာတို့တွင် COVID-19  ကူးစက်ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more

  • လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ေရးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ် ကျေးရွာအုပ်စု(၄)စု၊ ကျေးရွာ(၆)ရွာတို့တွင် (၁၄-၄-၂၀၂၀)နေ့၊ (၁၆း၅၀) မှ (၁၇း၃၀) နာရီအချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်လူနေအိမ် (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စု၊ လူဦးရေ (၃၆) ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးတန်ဖိုးငွေ (၇၅,၆၀၀)ကျပ်၊ အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးငွေ(၃၃၀,၀၀ဝ)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၄၀၅,၆၀၀) ကျပ်အား (၁၆-၄-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် မင်းတုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့ရှေ့မှောက်တွင် … Read more

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ သစ်တိုချောင်းကျေးရွာအုပ်စု၊ သစ်တိုချောင်းကျေးရွာတွင် (၁၀:၀၀) နာရီအချိန်၌လည်းကောင်း၊ မဲဇလီကျေးရွာတွင် (၁၂:၀၀) နာရီအချိန်၌လည်းကောင်း၊ ကျွန်းကလေးကျေးရွာတွင် (၁၃:၃၀) နာရီအချိန်၌လည်းကောင်း၊ Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များနှိုးဆော်ခြင်းများအား  ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေး‌‌ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဘိုကလေးမြိုနယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၄-၂၀၂၀) ရက်နေ့၊ (၂၀:၃၀) အချိန်၌ လေပြင်းတိုက်ခတ်မှုများကြောင့် ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ စစ်ကဲကြီးရပ်ကွက်၊ ဆီဆုံကုန်းရပ်တွင် နေအိမ်အမိုးလှန်ပျက်စီးမှုများဖြစ်ပွားခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၃) စု၊ လူဦးရေ (၉) ဦးတို့အား (၁၆-၄-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) အချိန်တွင် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာအတွက် (၁၈,၉၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၈,၉၀၀/-) ကျပ်အား ဝန်းသိုမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၄-၂၀၂၀) ရက်နေ့၊ (၂၁:၃၀) အချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလှန်ပျက်စီးမှုများဖြစ်ပွားခဲ့သော ကောလင်းမြို့နယ်၊ ဈေးရုံဗိုလ်တဲရပ်ကွက်၊ ကျော်ဇေယျာ (၁) ရပ်ကွက်၊ ဂွေးတောက် တောအုပ်စု၊ ခေါတောရွာ၊ အောက်ကလုံးရွာ၊ ဂွေးတောက်တောရွာနှင့် ဥက္ကံအုပ်စု၊ ဥက္ကံရွာတို့မှ ဘေးသင့်အိမ်ထောင်စု (၁၁) စု၊ လူဦးရေ (၅၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၂၅၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၃၀၀၀၀/-) ကျပ်အား … Read more

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၃:၀၀)နာရီအချိန်အထိ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်ရပ်ကွက်(၁)၊ (၂)၊ (၃)၊ (၄)နှင့် ကျုံဒိုးမြို့၊ ချောင်းဖျားကျေးရွာတို့၌ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #krn_apr2020 Source:           ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် ဘားအံမြို့နယ်အတွင်းရှိ မုကဝါ၊ နောင်ထလုံး၊ ထုံးအိုင်၊ ကော့ပရံ၊ ဇာသပြင်ကျေးရွာများ၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #krn_apr2020 Source:           ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events