လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနတို့နှင့် အတူပူးပေါင်း၍ (၁၆-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စုအတွင်းရှိ ကျုံလတာကျေးရွာ၊ ကျွန်းကြားကြီးကျေးရွာ၊ ကျွန်းကြား လေးကျေးရွာနှင့် လမုတောကျေးရွာတို့၌ ဌာနမှပေးပို့ထားသော Covid-19နှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်ကို အသံဖိုင်ဖြင့်လည်းကောင်း၊ Hand Speaker၊ Loud Speaker များအသုံးပြု၍လည်းကောင်း လှည့်လှည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)