လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီအသင်းတို့နှင့် ပူပေါင်း၍ ကျိုင်းတုံ-တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့ တွင်းသို့ အ၀င်/ အထွက် ယာဉ်လိုင်းများတွင်စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့၊ ယန်းလော့ကျေးရွာအုပ်စု၊ ဖိုင်ဘိန်းကျေးရွာနှင့် နမ့်ဝေါ်စန့်ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_apr2020
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)