လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၄-၂၀၂၀) ရက်နေ့၊ (၂၁:၃၀) အချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလှန်ပျက်စီးမှုများဖြစ်ပွားခဲ့သော ကောလင်းမြို့နယ်၊ ဈေးရုံဗိုလ်တဲရပ်ကွက်၊ ကျော်ဇေယျာ (၁) ရပ်ကွက်၊ ဂွေးတောက် တောအုပ်စု၊ ခေါတောရွာ၊ အောက်ကလုံးရွာ၊ ဂွေးတောက်တောရွာနှင့် ဥက္ကံအုပ်စု၊ ဥက္ကံရွာတို့မှ ဘေးသင့်အိမ်ထောင်စု (၁၁) စု၊ လူဦးရေ (၅၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၂၅၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၃၀၀၀၀/-) ကျပ်အား (၁၆-၄-၂၀၂၀) ရက်နေ့(၁၁:၃၀)အချိန်တွင် ထောက်ပံပေး အပ်ခဲ့ပါကြောင်း သတင်းရရှိသည်။
#ha_rbe
#sgg_apr2020
Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)