လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်မှုသတင်း



လူမှုဝန်ထမ်း၊ ကယ်ဆယ်ေရးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ် ကျေးရွာအုပ်စု(၄)စု၊ ကျေးရွာ(၆)ရွာတို့တွင် (၁၄-၄-၂၀၂၀)နေ့၊ (၁၆း၅၀) မှ (၁၇း၃၀) နာရီအချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်လူနေအိမ် (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စု၊ လူဦးရေ (၃၆) ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးတန်ဖိုးငွေ (၇၅,၆၀၀)ကျပ်၊ အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးငွေ(၃၃၀,၀၀ဝ)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၄၀၅,၆၀၀) ကျပ်အား (၁၆-၄-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် မင်းတုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#mgy_apr2020

Sign Up

Upcoming Events