လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၄-၂၀၂၀) ရက်နေ့၊ (၂၀:၃၀) အချိန်၌ လေပြင်းတိုက်ခတ်မှုများကြောင့် ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ စစ်ကဲကြီးရပ်ကွက်၊ ဆီဆုံကုန်းရပ်တွင် နေအိမ်အမိုးလှန်ပျက်စီးမှုများဖြစ်ပွားခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၃) စု၊ လူဦးရေ (၉) ဦးတို့အား (၁၆-၄-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) အချိန်တွင် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာအတွက် (၁၈,၉၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၈,၉၀၀/-) ကျပ်အား ဝန်းသိုမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#sgg_apr2020

Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events