Author Archives: Department of Disaster Management

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၆-၄-၂၀၂၀ ရက်နေ့တွင် တောင်ညိုကျေးရွာ၊ ကျွန်းတောကျေးရွာ၊ တောင်လှေကားကျေးရွာနှင့် ချောင်းဆုံကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source:           မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၂၀) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ဒညင်းကုန်းကျေးရွာအုပ်စု၊ ဒညင်းကုန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးလူနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၀,၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၇) ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ ( ၁၄၄,၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးတို့အား (၂၆-၄-၂၀၂၀) ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀)ရက်နေ့၊နံနက်(၀၈း၃၀)နာရီမှ (၁၁း၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ လပွတ်ပြေးလဲပျောက်ကျေးရွာအုပ်စု၊ ‌လပွတ်ပြေးလဲပျောက်ကျေးရွာ‌၊ လဲပျောက်ကျေးရွာ၊ ချောင်းကောက်ကျေးရွာ၊ နှင့် ကွင်းလှကျေးရွာများသို့သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ayy_apr2020 Source:           လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၄-၂၀၂၀) ရက်နေ့ ည (၂၀:၀၀) နာရီမှ (၂၂:၀၀) နာရီအထိ ဟင်္သာတမြို့၊ နတ်မော်ကျေးရွာ အုပ်စုအတွင်းရှိ (နတ်မော်၊ ကရင်စု၊ ပြာကတက်-တာ၊ ပြာကတက်-လယ်ပြင်၊ မြေကြားအထက်၊ မြေကြားအောက်) ကျေးရွာများ၌ လှည့်လည်၍ လတ်တလော ဖြစ်ပွားလျှက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ကျေးရွာနေပြည်သူများအတွက် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။     #ar #ayy_apr2020 ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၂၀) ရက်နေ့၊ (၁၅း၃၀)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဆုံကုန်းကျေးရွာအုပ်စု၊ လေးအိမ်တန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးရှိ လူဦးရေ(၅)ဦး အတွက် ဆန်ရိက္ခာဖိုး ထောက်ပံငွေ (၁၀,၅၀၀)ကျပ်အား (၂၆-၄-၂၀၂၀) ရက်နေ့ (၁၀း၀ဝ)နာရီအချိန်တွင် လေဘေးသင့်နေအိမ်၌ မိုးညိုမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #bgo_apr2020

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    ​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ​စလင်းမြို့နယ်၊ ​ကျေးရွာအုပ်စု(၅)အုပ်စု၊ ​​ကျေးရွာ(၅)ရွာတို့တွင် (၂၅-၄-၂၀၂၀)ရက်​နေ့၌ ဖြစ်ပွားခဲ့​သော မိုးသက်​လေပြင်းတိုက်ခတ်မှုကြောင့် ​​​လေဘေးသင့်အိမ်​ခြေ(၁၃)လုံး၊ အိမ်​ထောင်စု(၁၃)စု၊ လူဦး​ရေ(၆၉)ဦးတို့အတွက် အိမ်​ဆောက်ပစ္စည်းဖိုး(၄၆၀,၀၀၀ိ/-)၊ ဆန်ရိက္ခါဖိုး(၇)ရက်စာ (၁၄၄၉၀ဝိ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ(၆၀၄,၉၀ဝိ/-)နှင့် ကယ်ဆယ်​ရေးပစ္စည်း(၁၆)မျိုးပါ အိမ်​ထောင်စု(၁)စုစာတို့အား (၂၆-၄-၂၀၂၀)ရက်​နေ့ (၁၁:၀၀)အချိန်တွင် ​ကျေးရွာအုပ်စုအုပ်​ချုပ်​ရေးမှူးများနှင့်အတူ ​ဘေးသင့်ပြည်သူများလက်ဝယ်အ​ရောက် သွား​ရောက်ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #mgy_apr2020 Source:        မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၄.၂၀၂၀) ရက်နေ့၊ နံနက်(၀၇:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ ဝါးရှိကျေးရွာအုပ်စု၊ ​ဝါးရှိကုန်းကျေးရွာ၊ ​ဝါးရှိချိုင့်ကျေးရွာ နတ်ရွာကျေးရွာများသို့ သွားရောက်ပြီး COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_apr2020 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  (၂၂-၄-၂၀၂၀) ရက်နေ့၊ညနေ(၁၆ :၁၀)အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ ကျာခမ်းကျောက်ကျေးရွာအုပ်စု၊ နမ့်ဆီးကျေးရွာ၌အမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်အိမ်ခြေ(၁၁)လုံး၊ အိမ်ထောင်စု(၁၁)စုအတွက်ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဘေးသင့်လူဦးရေ(၆၂)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၃၀၂၀၀ိ/-)ကျပ်၊ အိမ်ခြေ(၁၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ်(၉၉၀၀၀၀ိ/-)နှင့် နမ့်ငေါ့ကျေးရွာ၌ သွပ်အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၁၀၂၀၀ိ/-) အားလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ဆေးဘေစင်၊ လက်သန့်ဆေးရည်၊ ဆပ်ပြာရည်အားလည်းကောင်း၊ ထောက်ပံ့ပစ္စည်းများကို ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလင်းရောင်ပရဟိတလူမှုကူညီရေးအသင်းနှင့်အတူ (၂၅-၄-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:ဝဝ)အချိန်တွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၂၀) ရက်နေ့ တွင် ဘိုကလေးမြို့နယ် ညီနောင်ဖျားကျေးရွာအုပ်စု ညီနောင်ဖျားကျေးရွာတွင်(၁၄:၀၀)နာရီ၌လည်းကောင်း၊ ထုံးဘူးကျေးရွာတွင်(၁၅:၃၀)နာရီ၌လည်းကောင်း၊ ကြားရွာကျေးရွာတွင် (၁၆:၃၀)နာရီ၌လည်းကောင်း၊ Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များနှိုးဆော်ခြင်းအား ကျေးရွာရှိအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေး‌‌ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ayy_apr2020 ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ရောဂါကူးစက်ပျံနှံမှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာများရှိပြည်သူများအား အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄ -၄-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ ကျုံကျပ်ကျွန်းကျေးရွာ၊ ကျီးစုကျေးရွာ၊ ဘေးကြီးကျေးရွာ၊ ဖိုကျော်ခေါင်ကျေးရွာ၊ ကျုံဒရယ်ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ကျုံဒူးကျေးရွာ၊ ဓါးမလိမ်ကျေးရွာ၊ တော်ကမံဂွကျေးရွာ၊ ဓါးမလိမ်ချောင်းဝကျေးရွာ၊အောက်ကွင်းကျေးရွာ၊ညောင်ကားယားကျေးရွာ၊ ကျုံကျပ်ကျေးရွာ၊ ကင်းမွန်းကုန်းကျေးရွာ၊ ကျုံဟွတ်ကျေးရွာ၊ ဘုရားကြီးကုန်းကျေးရွာ၊ တော်ကြပ်ကျေးရွာ၊ သမှံပင်ဆိပ်ကျေးရွာများ၌ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှတာဝန်ရှိသူတို့နှင့်အတူ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_apr2020

Sign Up

Upcoming Events