
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၂၀) ရက်နေ့၊ (၁၅း၃၀)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဆုံကုန်းကျေးရွာအုပ်စု၊ လေးအိမ်တန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးရှိ လူဦးရေ(၅)ဦး အတွက် ဆန်ရိက္ခာဖိုး ထောက်ပံငွေ (၁၀,၅၀၀)ကျပ်အား (၂၆-၄-၂၀၂၀) ရက်နေ့ (၁၀း၀ဝ)နာရီအချိန်တွင် လေဘေးသင့်နေအိမ်၌ မိုးညိုမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#bgo_apr2020