လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့၊ညနေ(၁၆ :၁၀)အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ ကျာခမ်းကျောက်ကျေးရွာအုပ်စု၊ နမ့်ဆီးကျေးရွာ၌အမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်အိမ်ခြေ(၁၁)လုံး၊ အိမ်ထောင်စု(၁၁)စုအတွက်ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဘေးသင့်လူဦးရေ(၆၂)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၃၀၂၀၀ိ/-)ကျပ်၊ အိမ်ခြေ(၁၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ်(၉၉၀၀၀၀ိ/-)နှင့် နမ့်ငေါ့ကျေးရွာ၌ သွပ်အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၁၀၂၀၀ိ/-) အားလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ဆေးဘေစင်၊ လက်သန့်ဆေးရည်၊ ဆပ်ပြာရည်အားလည်းကောင်း၊ ထောက်ပံ့ပစ္စည်းများကို ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလင်းရောင်ပရဟိတလူမှုကူညီရေးအသင်းနှင့်အတူ (၂၅-၄-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:ဝဝ)အချိန်တွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#shn_apr2020
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)