
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄ -၄-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ ကျုံကျပ်ကျွန်းကျေးရွာ၊ ကျီးစုကျေးရွာ၊ ဘေးကြီးကျေးရွာ၊ ဖိုကျော်ခေါင်ကျေးရွာ၊ ကျုံဒရယ်ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ကျုံဒူးကျေးရွာ၊ ဓါးမလိမ်ကျေးရွာ၊ တော်ကမံဂွကျေးရွာ၊ ဓါးမလိမ်ချောင်းဝကျေးရွာ၊အောက်ကွင်းကျေးရွာ၊ညောင်ကားယားကျေးရွာ၊ ကျုံကျပ်ကျေးရွာ၊ ကင်းမွန်းကုန်းကျေးရွာ၊ ကျုံဟွတ်ကျေးရွာ၊ ဘုရားကြီးကုန်းကျေးရွာ၊ တော်ကြပ်ကျေးရွာ၊ သမှံပင်ဆိပ်ကျေးရွာများ၌ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှတာဝန်ရှိသူတို့နှင့်အတူ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_apr2020